Term and Condition for YAMAKA Partner

Liquor Store သည် အောက်ပါတို့အား လိုက်နာရမည်။

(၁) YAMAKA မှအော်ဒါများကို လက်ခံပြီး ကုန်ပစ္စည်းများအား အော်ဒါနှင့်အညီ ပြင်ဆင်ရောင်းချ ရမည်ဖြစ်သည်။Instockမရှိသောကုန်ပစ္စည်းအားအော်ဒါလက်ခံရရှိခဲ့ပါကYAMAKAသို့ချက်ချင်းအကြောင်းကြားရမည်။

(၂) ရောင်းချသည့် ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရန် အဆင်ပြေ သင့်လျော်သည့်ပုံစံဖြင့် ထုပ်ပိုးပေးရမည်။

(၃) Rider ထံမှ အော်ဒါ identification code အားကြည့်ရှုစစ်ဆေးပြီး၊ Pick-up Receipt တွင် Rider လက်မှတ်ရေးထိုးပြီးမှသာ အော်ဒါပို့ဆောင်ရမည့် ကုန်ပစ္စည်းများအား Rider ထံသို့ လွှဲပြောင်းပေးအပ်ရမည်။

(၄) ဥပမာ မိမိဆိုင်မှရောင်းချလိုက်သည့်ကုန်ပစ္စည်းနှင့်ပက်သက်သည့်ချို့ယွင်းမှု/အငြင်းပွားမှု တစ်စုံတစ်ရာကြောင့် customer သို့ ပေးလျော်စရာပေါ်ပေါက်လာပါက လျော်ကြေးငွေအား ကုန်သည်မှပေးလျော်ရမည်။ YAMAKA မှ စိုက်ထုတ်ပေးလျော်လိုက်ပါက ပေးလျော်လိုက်သည့်ရက်မှ (၃)ရက်အတွင်း အဆိုပါလျော်ကြေးငွေအား ကုန်သည်မှ YAMAKA အား ပြန်လည်ပေးဆပ်ရမည်။

(၅) YAMAKA ဝန်ဆောင်မှုဖြင့် မိမိဆိုင်မှရောင်းချမည့် ကုန်ပစ္စည်းစာရင်းအား မိမိဆိုင်တွင်ရောင်းချရန် instock ရှိသည့်ကုန်ပစ္စည်းနှင့်အညီ YAMAKA application တွင် Update အမြဲလုပ်ရမည်။

(၆) YAMAKA ဝန်ဆောင်မှုဖြင့် မိမိဆိုင်မှရောင်းချမည့် ကုန်ပစ္စည်း၏ အသားတင်တန်ဖိုးအား ကိုယ်တိုင်သတ်မှတ်ခွင့်ရှိသည်။ ပစ္စည်းတစ်ခုချင်း၏ တန်ဖိုးပေါ်မူတည်၍ ကုန်ပစ္စည်း၏ဈေးနှုန်းစာရင်းအား YAMAKA မှ သတ်မှတ်ထားသော ဈေးနှုန်းသတ်မှတ်သည့်ပုံစံ (Price Sheet) နှင့်အညီ YAMAKA application တွင် Update လုပ်ရမည်။

(၇) မိမိဆိုင်တွင် YAMAKA ၏ အမှတ်အသားများအား တပ်ဆင်ရန် သဘောတူခွင့်ပြုရမည်။

(၈) မမှန်ကန်သော၊ ရောင်းချခွင့်မရှိသော၊ တရားမဝင်သော၊ အငြင်းပွားဖွယ်ဖြစ်သော မည်သည့်ကုန်ပစ္စည်းကိုမျှ YAMAKA ဝန်ဆောင်မှုဖြင့် ရောင်းချရန် ခင်းကျင်းပြသခြင်း (သို့) ရောင်းချခြင်း မပြုလုပ်ရပါ။


ငွေပေးချေမှု

(၁) ကုန်သည်သည် ကုန်သွယ်ခွန် (Commercial Tax) နှင့် ရောင်းချသည့် ကုန်ပစ္စည်းတန်ဖိုး၏ သတ်မှတ်ရာခိုင်နှုန်း (Price Sheet တွင် သတ်မှတ်ထားသည့်အတိုင်း)အား YAMAKA ဝန်ဆောင်ခအနေဖြင့် ပေးချေရမည်။

(၂) YAMAKA သည် YAMAKAဝန်ဆောင်မှုဖြင့် တစ်လ (ရက် ၃၀)အတွင်း ကုန်သည်‌ရောင်းချခဲ့သော ကုန်ပစ္စည်းစာရင်းအား စာရင်းပြုစု၍ ကုန်သည်ထံသို့ လစဉ်ပေးပို့မည်ဖြစ်သည်။

(၃) YAMAKA သည် ကုန်သည်၏ တစ်ရက်တာရောင်းရငွေအား ကုန်သည်၏ငွေစာရင်းသို့ နေ့စဉ်ပေးပို့မည်ဖြစ်သည်။ ကုန်သည်သည် တစ်ရက်တာရောင်းရငွေအား အတည်ပြု၍ ငွေပေးချေသည့်စာရွက်ပေါ်တွင် အီလက်ထရောနစ်နည်းဖြင့် အတည်ပြုလက်မှတ်ရေးထိုးရမည်ဖြစ်သည်။

(၄) YAMAKA မှ ကုန်သည်၏ တစ်နေ့တာ Application မှ ရောင်းရငွေအား ၂၄ နာရီ အတွင်း Mobile Banking ဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်မှ လူကိုယ်တိုင်သော်လည်းကောင်း ပေးချေမည်ဖြစ်သည်။