Terms and Conditions

Delivery Agent ၏ တာဝန်နှင့်ဝတ္တရားများ

( ၁ ) Delivery Agent များသည် တာဝန်ယူထားသော ဧရိယာအတွင်းရှိ Customer အော်ဒါများအား သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ ပို့ဆောင်နိုင်ရန် Rider များလုံလောက်စွာ ထားရှိရမည်။

( ၂ ) YAMAKA မှသတ်မှတ်ထားသော Rider Information Form ဖြင့် Rider များ၏ သတင်းအချက်အလက်များကို ကောက်ယူကာ မှန်ကန်ကြောင်းစီစစ်၍ YAMAKA သို့ပေးပို့ရမည်။

( ၃ ) Delivery Agent များသည် YAMAKA မှ ပို့ချပေးသော YAMAKA Rider Application အသုံးပြုနည်းနှင့် Customer များအား ဝန်ဆောင်မှုပေးရာတွင် လိုက်နာရမည့် ကျင့်ဝတ်နှင့်နည်းစနစ် သင်တန်းများအား တက်ရောက်ရမည်ဖြစ်သည်။ ထို့နောက် Delivery Agent များသည် Rider များအား YAMAKA Rider Application ကျွမ်းကျင်စွာ အသုံးချနိုင်ရန် တာဝန်ယူလေ့ကျင့်ပေးရမည်ဖြစ်ပြီး Riderများ Customer များနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်နှင့်နည်းလမ်းများအား တာဝန်ယူ လေ့ကျင့်သင်ကြားပေးရမည် ဖြစ်သည်။

( ၄ ) Delivery Agent များသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ YAMAKA Rider Application အသုံးပြုရန်အတွက် သင့်လျော်သော Phone နှင့် Internet ရှိသူ၊ YAMAKA Rider Application အားကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ Customer များနှင့်ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်နှင့် နည်းလမ်းများအား လေးစားလိုက်နာသူများ ကိုသာ Rider အဖြစ်ခန့်အပ်ရမည်ဖြစ်သည်။

(၅)( ၅ ) Delivery Agent များသည် YAMAKA မှသတ်မှတ်ပေးထားသော မိမိတာဝန်ယူရမည့် ဧရိယာ အတွင်းရှိ Customer အော်ဒါများကိုသာ ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။

(၆) YAMAKA Rider Application မှ Customer အော်ဒါလက်ခံရရှိသည်နှင့် တပြိုင်နက် သတ်မှတ်ထားသော Liquor Store မှ Customer မှာယူသော ကုန်ပစ္စည်းများကို သယ်ယူ၍ Customer ထံသို့ပေးပို့ချင်းအား မိနစ် ၂၀ အတွင်း ပြီးမြောက်အောင်လုပ်ဆောင်ပေးနိုင်ရန် စီမံထားရမည်။

(၇)Delivery Agent များသည် Customer များ အော်ဒါမှာယူထားသော ပစ္စည်းများကို သတ်မှတ်ထားသော အချိန် ( ၁၅ မိနစ် - ၂၀ မိနစ် ) အတွင်း Customer ဆီသို့ အချိန်မှီ ပို့ဆောင်ပေးရမည်ဖြစ်ပြီး တစ်ရက်ကို (၅) မိနစ်ထက်မပိုသည့် နောက်ကျခြင်းအား (၂) ကြိမ်အထိ YAMAKA မှ နားလည်ပေးမည်ဖြစ်သည်။ သတ်မှတ်ထားသော အကြိမ်အရေအတွက်ထက် ကျော်လွန်ပါက ၎င်းနေ့အတွက် နောက်ကျသည့် Delivery အကြောင်းအရေအတွက်အတိုင်းကို တန်ကြေးပေးမည်မဟုတ်ပါ။

(၈) ပို့ဆောင်သော ကုန်ပစ္စည်းများအားလုံးတွင် YAMAKA မှသတ်မှတ်ထားသော စတစ်ကာအား ကပ်ပြီးမှသာလျှင် Customer ဆီသို့ ပို့ဆောင်ရမည်ဖြစ်သည်။ သတ်မှတ်ထားသော စတစ်ကာ မကပ်ထားသည့် ပစ္စည်းများအား Customer ဘက်မှ Complaint တက်လာပါက YAMAKA မှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။

( ၉ ) Order များအား ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တရားဝင်စီးနင်းခွင့်ရှိသည့် မည့်သည့်ယာဉ် အမျိူးအစားဖြင့်မဆို ပို့ဆောင်ခွင့်ရှိသည်။

( ၁၀ ) Delivery Agent များသည် မိမိ၏ တာဝန်ယူထားသော ဧရိယာအတွင်းရှိ ကုန်ပစ္စည်း ပို့ဆောင်ခြင်းနှင့် ပတ်သတ်သည့် ကိစ္စအဝဝ၊ မိမိခန့်အပ်ထားသော Rider များနှင့် ပတ်သတ်သည့် ကိစ္စအဝဝတို့အား တာဝန်ယူ၊ တာဝန်ခံ ရမည်ဖြစ်သည်။

( ၁၁ ) ကုန်ပစ္စည်းများပို့ဆောင်ရာတွင် Rider အမှားကြောင့် ဖြစ်ပေါ်လာသော မည့်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို Delivery Agent မှ တာဝန်ယူပေးလျော်ရမည်ဖြစ်သည်။

( ၁၂ ) အကြောင်းတစ်စုံတစ်ရာကြောင့် Customer ဘက်မှ order cancel ခဲ့ပါက order တစ်ခုလျှင် ၃၀၀ ကျပ်ကို YAMAKA ဘက်မှ ပေးချေမည်ဖြစ်သည်။

( ၁၃ ) Delivery Agent နှင့် Rider များသည် လုပ်ငန်းလုပ်ဆောင်ရာမှ ရရှိလာသော YAMAKA Customer များ၏ သတင်းအချက်အလက်များအား မပေါက်ကြားစေရန် ထိန်းသိမ်းရန်အတွက် တာဝန်ရှိပြီး Customer များ၏ သတင်းအချက်အလက်များအား မည်သူတစ်ဉီးတစ်ယောက်ကိုမှ မျှဝေခြင်း၊ ထုတ်ဖော်ပြောကြားခြင်း မပြုလုပ်ရပါ။

( ၁၄ ) Customer များ၏ သတင်းအချက်အလက်များသည် YAMAKA နှင့် လုပ်ငန်း လုပ်ဆောင်ရန်အတွက်သာ ရည်ရွယ်ပြီး အခြားသော မည့်သည့်အကြောင်းအမျိုးမျိုးနှင့်မျှ (ပုဂ္ဂိုလ်ရေးအရ) အသုံးပြုခြင်းအား ခွင့်မပြုပါ။

( ၁၅ ) သဘောတူညီမှုရရှိထားပြီဖြစ်သော ကြိုတင်အကြောင်းကြားရမည့် ရက် ( ၃၀ ) အား အကြောင်းမကြားပဲ ဖျက်သိမ်းပါက နောက်ဆုံးလုပ်ကိုင်ခဲ့သည့် တစ်လ ၏ Delivery အကြောင်းအရေအတွက်အတိုင်း Delivery Agent ဘက်မှ ပေးလျော်ရမည်ဖြစ်သည်။

အထက်ဖော်ပြပါ တာဝန်နှင့်ဝတ္တရားများအား လိုက်နာရန် ပျက်ကွက်မှု (သို့မဟုတ်) ဖောက်ဖျက်မှု တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသော ပြဿနာအဝဝအား Delivery Agent များမှသာ တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးရမည်ဖြစ်ပါသည်။ ***** အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် YAMAKA နှင့် သဘောတူညီမှုကို ဖျက်သိမ်းလိုပါက YAMAKA ထံ ရက် (၃၀) ကြိုတင်အကြောင်းကြားရပါမည်။ *****